ကဲ……….. ” Xperia Firm ” အသုံးပြုသူတွေအဆင်ပြေစေမယ့် နည်းလမ်းအသစ်လေး
တင်ပေးလိုက်ပါတယ် ဒီနည်းလမ်းကို ပထမဆုံးတွေ့ ရှိတာတော့ XDA ပါ ဒါပေမယ့် မြန်မာလို
ဘာသာပြန်ပြီး အဆင်ပြေအောင်ပြန်တင်ပေးတာကတော့ ကိုစိုင်းအာကာပဲဖြစ်ပါတယ်
ဒါကြောင့် XDA နဲ့  SMUG က ကိုစိုင်းအာကာကို Credit ပေးပါတယ်ဗျာ…..
Xperia Firm နဲ့ ဒေါင်းရင် ကျွန်တော်တို့ မှာ လိုင်းကျသွားတာပဲဖြစ်ဖြစ် လိုင်းမကောင်းတာပဲဖြစ်ဖြစ်
resume ပြန်မရပါဘူးဗျာ ဒီနည်းလမ်းကတော့ IDM တို့ အသုံးပြုပြီး Resume လည်းရအောင်ဒေါင်းတဲ့နည်းလမ်းလေးပါဗျာ
ပြောနေကြတယ် လိုအပ်တာလေးတွေဒေါင်းလိုက်ပါအုန်းဗျာ……….
Download ( Xperia Firm )
Download ( hjsplit ) For window 32bit
Flashtool နဲ့  internet download manager ကတော့ ရှိပြီးသားထင်လို့ မတင်ပေးတော့ဘူးနော် :) :)

အရင်ဆုံး Xperia Firm ကိုဖွင့်ပြီး ကိုယ်လိုချင်တဲ့ Firmware ကိုဒေါင်းပါ ဒီလိုလေးပေါ့နော် …
1
အဲ့နေရာမှာ Copy Url ဆိုတာလေးနှိပ်လိုက်ပါ
2
အဲ့လိုလေးဖြစ်သွားရင်နောက်တဆင့်သွားမယ်နော် notepad ကိုဖွင့်ပါ ပြီးရင် paste ဆိုတာနှိပ်လိုက်ပါ ဒီလိုလေးရလာပါလိမ့်မယ်

3
အဲ့လိုလေးတွေရလာပြီဆိုရင် internet download manager ကိုဖွင့်ပြီး added new address ကို ရလာတဲ့ လင့်တခုချင်းစီလေးထည့်လိုက်ပြီး
ဒေါင်းလိုက်ပါ
4

ဒီလိုဖိုင်လေးတွေရလာပါလိမ့်မယ် နောက်ဆုံးက .bin နဲ့ ဆုံးတာလေးတွေပါ
5
အားလုံးပေါင်း ဆယ်ခုလောက်တော့ရှိမယ်ဗျ အာ့ကောင်လေးတွေအကုန်ရပြီဆိုရင် နာမည်ပြောင်းပေးရပါမယ်
ဥပမာ – FILE281312136 ဆိုပြီးပြောင်းပေးပါ ဒါပေမယ့် နောက်ဆုံးက 001 , 002 , 003 etc.. အဲ့ကောင်တွေကိုတော့
ဒီလိုလေးပြောင်းပေးပါ အနောက်မှာ extension ထည့်ရမှာ ကျွန်တော်ဒေါင်းထားတဲ့ကောင်လို ခုနှစ်ခုဆို .001 , .002 , .003 etc… ပေါ့ဗျာ

6
အခုလိုပြောင်းပြီးပြီဆိုရင်တော့ HJspit ကိုဖွင့်ပါ Join ဆိုတာလေးနှိပ်လိုက်ပါ Input File ရွေးခိုင်းပါလိမ့်မယ်
အဲ့အဆင့်မှာနည်းနည်းသတိထားပေးပါ အပေါ်က ကျွန်တော်ပြထားသလိုမဖြစ်နေဘူးဆိုလျှင် ဖိုင်တွေပြန်ပေါင်းတာခက်ခဲမှုလေးတွေ
ဖြစ်လာမှာပါ အပေါ်က ပြထားသလိုလေး အကုန်မှန်ပြီးဆိုရင် Input File မှာ .001 ကိုရွေးပေးလိုက်ပါ အခြားဖိုင်တွေ ( .002 , .003 etc.. )
အကုန်လုံးလည်း သူနဲ့  Folder တခုတည်းဖြစ်နေရပါမယ် ပြီးရင် Output မှာ ကိုယ်ပြန်ထားချင်တဲ့နေရာလေးရွေးပေးလိုက်ပါ

7

8

ကဲ…ပေါင်းလို့ ပြီးပြီးဆိုလျှင် ရလာတဲ့ဖိုင်လေးနဲ့ အပေါ်က 001 , 002 , 003 etc.. .စတာတွေမပါတဲ့ဖိုင်လေးသုံးဖိုင်ကို တနေရာမှာ
ထားပေးလိုက်ပါ ဒီလိုလေးပေါ့ဗျာ…… ဆိုက်လေးတွေကလည်း နည်းပါလိမ့်မယ် ကိုယ်ပေါင်းထားတဲ့ တဖိုင်ပဲ အများဆုံးဖြစ်နေမှာပါ

9

အဲ့လိုလေးရလာပြီဆိုရင်တော့ Flashtool မှာ Firmware ftf file ပြန်ထုတ်လို့ ရပါပြီ Flash tool သုံးပြီးထုတ်တဲ့နည်းတော့
တင်မပေးတော့ဘူးနော် တင်ပေးပြီးသားဆိုတော့ ….

အားလုံးအဆင်ပြေကြပါစေ။