အရင်ဆုံးကျွန်တော်တို့ လုပ်ဆောင်ဖို့ အတွက်လိုအပ်တဲ့ဖိုင်တွေဒေါင်းရပါမယ်
လိုအပ်ချက်များ –
  1. သက်ဆိုင်ရာ Pre-Rooted Firmware လုပ်ချင်တဲ့ Firmware ftf
  2. Pre-Rooted လုပ်ဖို့ အတွက် Supersu Zip
  3. အကယ်လို့  သင့်ဖုန်းဟာ Dual Recovery အလုပ်လုပ်မယ်ဆိုရင် သက်ဆိုင်ရာ Dual Recovery Zip လိုပါမယ်
  4. နောက်ထပ်ထပ်မံထည့်သွင်းချင်တဲ့ဖိုင်များ
Pre-Rooted Firmware လုပ်ဖို့ အတွက်လိုအပ်တဲ့ Super Su Zip 2.50 ကို ဒီမှာ ဒေါင်းယူပါ
နောက်ထပ်ထပ်မံထည့်သွင်းချင်တဲ့ Dual Recovery များကိုတော့ သင့်ဖုန်းဟာ
Dual Recovery အလုပ်မှရမှာပါ သက်ဆိုင်ရာ Dual Recovery Flashable Zip များကိုတော့ ဒီလင့် မှာဒေါင်းယူနိုင်ပါတယ်
ပြီးရင်တော့ Pre-Rooted Firmware လုပ်ဖို့ အတွက် PRF Creator ကို ဒီလင့်မှာ ဒေါင်းယူပါ
PRF Creator ကိုဖွင့်ပါ  ပုံမှာ မျှားပြထားတဲ့အတိုင်း သက်ဆိုင်ရာဖိုင်များကို ထည့်သွင်းနိုင်ပါတယ်
1
ပြီးပါက ဘေးက Include ဆိုတဲ့ အကွက်တွေမှာတော့ ပါဝင်မယ်ဆိုတဲ့ဟာတွေကို အမှန်ခြစ်ပေးပါ
အမှန်ခြစ်ပေးဖို့ လိုအပ်ပါတယ် ဥပမာအနေနဲ့ Xperia Z Firmware 5.1.1 ကိုပြပေးထားပါတယ်
2
လိုအပ်တာတွေအားလုံးထည့်ပြီးရင် အောက်ဆုံးညာဘက်နားက Create ကိုနှိပ်ပေးလိုက်ပါ
သူ့ ဟာသူလုပ်ဆောင်သွားပါလိမ့်မယ်
3
အားလုံးပြီးပြီဆိုရင် အောက်ကပုံအတိုင်းပြပါလိမ့်မယ်
5
အဲ့လိုမျိုးပြီးပြီဆိုရင်တော့ မိမိတို့ လုပ်ဆောင်တဲ့ PRF Creator ထည့်ထားတဲ့
Folder ထဲမှာ flashable-prerooted.zip
ဆိုပြီးပေါ်နေပါလိမ့်မယ်
4
အဲ့ဒါလေးရပြီဆိုရင် မိမိတို့ ဖုန်းရဲ့ CWM Recovery mode ကနေ အသင့်သွင်းလို့ ရတဲ့
Pre-Rooted Firmware Flashable Zip လေးရရှိပါပြီ
တခါတလေမှာ မိမိတို့ ထည့်သွင်းတဲ့ Dual Recovery Zip မကိုက်ညီတာတွေ
SuperSu ဗားရှင်းနိမ့်နေတာတွေ ကြောင့်လည်း Pre-Rooted Firmware Zip Flash ပေမယ့်
Boot Logo ကနေလည်နေတာတွေလည်းဖြစ်တတ်ပါတယ်
ဒါကြောင့်  ” Make Your Own Risk ” နော်
အားလုံးအဆင်ပြေကြပါစေဗျာ…..
Ref From : XDA Developer, http://mmsdromfinder.com