Samsung Galaxy S7, S7 Edge ကို မြန်မာစာထည့်သွင်းနည်း (Android 6.xx Marshmallow ကို မြန်မာစာထည့်သွင်းနည်း)
Samsung Galaxy S7, S7 Edge ကို Recovery တင်ပြီး မြန်မာစာထည့်သွင်းနည်း နှင့် Root ဖေါက်ပြီး မြန်မာစာထည့်သွင်းနည်းပါ..။
Samsung Galaxy S7 ရဲ့ ဒီ Model တွေ
SM-G930F, SM-G930FD, and SM-G930X, Korean SM-G930S, SM-G930K, SM-G930L,
Canadian SM-G930W8 အားလုံးကို အောက်ဖေါ်ပြပါနည်းအတိုင်း
မြန်မာစာထည့်သွင်းနိုင်ပါတယ်..။
(ဘာမှ မလုပ်ခင် ဖုန်းထဲက အရေးကြီးတာတွ အားလုံးကို Backup လုပ်ထားပါ)
(လိုအပ်လျှင် Format ရိုက်ရတတ်ပါတယ်)
Email (Gmail) ကို Singout လုပ်ပါ...
Phone Setting > Developer Option မှ OEM unlocking > Enable လုပ်ပါ...
အောက်နားမှ USB Debugging ကိုလည်း On ပေးပါ။
မလုပ်တတ်သေးရင် အောက်က Video ကို ကြည့်ပါ..
Video ထဲကအတိုင်း ဖုန်းမှာပြင်ဆင်ပေးထားပါ။
===== XXXXX =====
=====@@@=====
CF Auto Root ဖိုင်လ်ကို မိမိဖုန်း Model အလိုက် ရွေးပြီး ဒေါင်းယူပါ..။
Samsung Usb Driver
Odin flashing tool
Samsung Android USB Driver ကို Install လုပ်ပါ...။
Odin3-v3.10.xx .exe ကို RUN ပါ...
AP မှတဆင့် စောစောကဒေါင်းယူ Zip ဖြည်ထားတဲ့ CF Auto Root Zip မှ CF-Auto-Root-smg935x.tar.md5 ဖိုလ်ကို ရွေးပေးပါ..
[ပုံနံပါတ် (1)]
ဖုန်းကို Power Off (ပိတ်) ပါ...
Volume Down + Home + Power ခလုတ် သုံးခုစလုံးကို တပြိုင်တည်း ၁၀ စက္ကန့်မျှ တွဲနှိပ်လိုက်ပါ...
Warning Message တတ်လာရင် Volume UP ကို တစ်ချက်နှိပ်ပါ..
Download Mode ကို ရောက်သွားပြီဆိုရင် USB ကြိုးမှတဆင့် ကွန်ပျူတာနှင့် ချိတ်ဆက်ပေးလိုက်ပါ..
Odin မှ Start ကို နှိပ်ပေးလိုက်ပါ...
[ပုံနံပါတ် (2)]
ခဏနေရင် ဖုန်းဟာ အလိုလျှောက် Restart ကျပြီး ပြန်တတ်လာရင် Root ပြုလုပ်ခြင်း အောင်မြင်သွားပါပြီ...။
Root access ရပြီဆိုရင်....
မြန်မာစာအတွက် MPPG မှ ကိုဖြိုးညီညီရဲ့ MPPG FONT TOOL V 1.9 နှင့် သွင်းယူပါ..။ Android 4.xx ကနေ 6.xx အထိ အဆင်ပြေပါတယ်။ (ကိုယ်တိုင်စမ်းသပ်ပြီး)
============ XXXXXXXXXX =============
ဒုတိယ နည်းလမ်းကတော့ TWRP Recovery တင်ပြီး မြန်မာစာထည့်နည်းပါ..
=====@@@@@=====
TWRP Recovery ဖိုင်လ်ကို မိမိဖုန်း Model အလိုက် သေချာ ရွေးပြီး ဒေါင်းယူပါ..
======= GALAXY S7 =======
Odin_3.10.7.zip :
https://www.androidfilehost.com/?fid=...
Twrp 3.0.0.0 :
https://www.androidfilehost.com/?fid=...
အပေါ်က TWRP 3.0.0.0 နှင့် အဆင်မပြေရင် ဒီနေရာမှတဆင့် အခြား Update ဖြစ်တဲ့ TWRP ကို ဒေါင်းယူပြီး ထပ်ကြိုးစားပါ။
======= GALAXY S7 EDGE =======
Odin_3.10.7.zip :
https://www.androidfilehost.com/?fid=...
Twrp 3.0.0.0 :
https://www.androidfilehost.com/?fid=...
အပေါ်က TWRP 3.0.0.0 နှင့် အဆင်မပြေရင် ဒီနေရာမှတဆင့် အခြား Update ဖြစ်တဲ့ TWRP ကို ဒေါင်းယူပြီး ထပ်ကြိုးစားပါ။
----------------------------------------
အပေါ်မှာ CF Auto Root နှင့် Root ပြုလုပ်သည့်အတိုင်း TWRP Recovery ကိုလည်း Odin Tool မှတဆင့် တဆင့်ချင်း ပြုလုပ်ပေးပါ..။
မြန်မာစာ အတွက်ကိုတော့... ညီလေး Than Toe Aung ရဲ့ 4.4x to 6.0x Font Zip by TTA.zip ကို ဒေါင်းယူပြီး ဖုန်းထဲသို့ Copy ကူးထည့်ထားပါ.....
ဖုန်းကို Power Off (ပိတ်) ပါ...
Volume UP + Home + Power ဆိုတဲ့ ခလုတ် သုံးခုကို တပြိုင်တည်း 7-10 စက္ကန့်လောက် တွဲနှိပ်လိုက်ပါ...
Recover Mode ကိုရောက်ရင်...
Recover Mode ကိုရောက်ရင်...
Install
မှတဆင့် 4.4x to 6.0x Font Zip by TTA.zip ရွေးပြီး Swipe to confirm Flash ကို ဆွဲပေးလိုက်ပါ..။
======== XXXXXXX ========
Root
=====
Root Access လိုအပ်ရင် SuperSu v2.71 ကိုဒေါင်းယူပြီး စောစောက မြန်မာစာ ထည့်သည့်အတိုင်း Recover Mode ကိုဝင်ကာ
Install > Swipe to confirm Flash မှတဆင့် Flash ပေးလိုက်ပါ။
ပြီးရင် Back နှင့် နောက်ပြန်ဆုတ်ပြီး Reboot System Now ကို နှိပ်ပေးလိုက်ပါ...။
======= XXXXXX =======
အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်မျာ....
အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်ခင်မျာ....
ခင်မင်လျှက်
ဝင်းကမ္ဘာကျော်
www.winkabarkyaw.net