Google App for Mi Max 2


Mi Max 2 မှာ Google App တွေ ထည့်သွင်းဖို့အတွက်ပါ။ လုပ်ပေးရမည့်နည်းကတော့ Google App တွေ အဆင်ပြေနေတဲ့ အခြား model တူ။ android version တူဖုန်းတစ်လုံးမှ Mi Backup နဲ့ထုတ်ယူလာတာကို မိမိဖုန်းမှာ ပြန်ထည့်ပေးလိုက်တဲ့နည်းပါ။

ဖုန်းထဲမှာ Restore ပေးဖို့လိုအပ်တဲ့ file ကို အောက်တွင်ပေးထားသော Link နှစ်ခုထဲက မိမိတို့ဝင်လို့အဆင်ပြေတဲ့တစ်ခုဆီကနေ Download ပြုလုပ်ပါ။ Zip file ရလာရင် ဖြည်ချပါ။ AllBackup ဆိုတဲ့ Folder တစ်ခုရပါမယ်။ အဲသည် Folder ကို Internal Storage / MIUI / backup folder အောက်ကိုကူးထည့်ပါ။ မိမိတို့ Backup လုပ်ထားသည်များရှိသော် AllBackup ဆိုသည့် Folder ရှိနေနိုင်သည့်အတွက် နာမည်တူရှိနေလို့ Overwrite လုပ်မလားလို့ မေးလာတဲ့ Message box တွေမှာ OK သာရွေးပေးပြီး Overwrite သာလုပ်လိုက်ပါ။

[ Download GApps backup zip file for Mi Max 2 - PCloud Link ]
[ Download GApps backup zip file for Mi Max 2 - MediaFire Link ]

Backup file ကို Restore လုပ်ဖို့ Settings ထဲကနေ အောက်ပါပုံများအတိုင်း Backup Lists ကိုမြင်သည်အထိသွားပါ။

မိမိတို့ဖုန်းထဲမှာ Backup လုပ်ထားတာတွေရှိနေပါက Backup List တွေ များနေပါမယ်။ အောက်ပါပုံမှာပါတဲ့ Data / Time အတိုင်း ရှိနေတဲ့ Backup ထဲပဲနှိပ်ဝင်လိုက်ပါ။ ပြီးရင် Restore button နှိပ်လို့ Restore ပြုလုပ်ပေးလိုက်ပါ။

Restore လုပ်လိုက်တဲ့ Google Apps က ငါးခုပါ။

Google Play Store
Google Contacts Sync
Google Play Services
Google Services Framework
Google Account Manager

အဲသည် ငါးခုစလုံးကို Security-->Permissions-->Other Permissions--> ထဲမှာ ရှာပြီး တစ်ခုချင်းစီကို အောက်ပါနမူနာပုံအတိုင်းဖြစ်အောင် Permissions တွေကို Allow လုပ်ပေးပါ။ အဓိကအတွက်ကတော့ Google Play Service နဲ့ Google Play Store ပါ။ အကုန်လုပ်ပေးထားလဲ ဘာမှမဖြစ်ပါဘူး။

China Rom မှာ Google service တွေကို Permission ပေးနိုင်သမျှအကုန်ပေးထားတာ ပိုအဆင်ပြေပြေအလုပ်လုပ်စေတာမို့ Security-->Permissions-->Auto Start--> ထဲမှာလည်း Google apps ငါးခု ကိုရှာပြီး ON ထားပေးပါ။

Permissions ပေးတာရယ်.. Auto Start မှာ ON ထားတာရယ်ပြီးပြီဆိုရင်တော့ ဖုန်းကို Reboot လုပ်လိုက်ပါ။ Reboot လုပ်လို့ ပြန်တက်လာပြီဆိုရင် Google Account ထည့်လို့ စတင်အသုံးပြုနိုင်ပါပြီ။ Google account ထည့်ရာမှာ email, password ထည့်သွင်းပေးပြီး Checking Info လို့ပေါ်နေချိန် Noti Bar မှာ Sync icon အ၀ိုင်းလေးလည်နေတာမြင်ရရင် အဆင်ပြေပြီလို့ မှတ်ယူနိုင်ပါတယ်။ အဲသည် icon လေးမမြင်ရပဲ Checking Info.. နေရာမှာ အရမ်းကြာနေပါက Settings-->Install Apps--> ထဲမှာ Google Play Store နဲ့ Google Play Service တို့ Clear Data / Clear Cache လုပ်။ ဖုန်းကို Reboot လုပ်ပြီး Google Account ပြန်ထည့်ကြည့်ပါ။

Gmail app သုံးရာမှာ Google Play Service error တက်ပြီးအဆင်မပြေရင် အောက်ပုံပါအတိုင်း Browser Shortcut လုပ်ပြီး Gmail ကို ၀င်စစ်တာ.. ပို့တာတွေ လုပ်နိုင်ပါတယ်။ Gmail app သုံးရင်ကတော့ Internet လိုင်းဖွင့်တိုင်း email ၀၀်တာရှိရင် Noti တက်တာပေါ့။ သည်ဟာကတော့ မိမိဖာသာ Browser ထဲမှာဝင်တော့ကြည့်ပေးရတာပေါ့။ ဒါပေမယ့် Gmail app နဲ့သုံးရင် Zawgyi နဲ့ရေးထားတဲ့ မြန်မာစာတွေကို အမှန်မြင်ရမှာမဟုတ်ပါ။ သည်နည်းနဲ့သုံးတာကတော့ Browser မှာ zawgyi font အမှန်မြင်ရင်၊ မြင်ရအောင်လုပ်ထားပေးရင် စာတွေ မှန်မှန်ကန်ကန် ဖတ်နိုင် ရေးနိုင်ပါတယ်။ Root တွေဘာတွေ လုပ်ဖို့ မလိုတော့ဘူးပေါ့။


MIUI Fans များစိတ်ရွှင်လန်းချမ်းမြေ့ပါစေ။

Credit: Visit to ref;