Doctor Strange (2016) မြန်မာစာတန်းထိုး


 Doctor Strange (2016) မြန်မာစာတန်းထိုး 

နိုဝင်ဘာလ ထဲမှာရုံတင်ခဲ့ ဇာတ်ကားသစ်လေးပါ..။
 Action, Adventure, Fantasy အမျိုးအစားဖြစ်ပြီး
IMDb မှာ Ratings: 7.9/10 ရရှိထားပါတယ်..
ဇာတ်လမ်းကတော့...
    ထူးချွန်သလောက် ဂုဏ်မောက်နေတဲ့ ဘယ်အရာဘယ်သူကိုမှ
 အထင်ကြီးလေးစားမှုမရှိတဲ့ အာရုံကြောခွဲစိတ်ဆရာဝန်
Doctor Stephen Strange တယောက် ယာဉ်မတော်တဆမှုဖြစ်ရာက လက်တွေအပြင်းအထန်ထိခိုက်ခဲ့တဲ့အတွက် ခွဲစိတ်လို့မရတော့ပါဘူး။
 ဒါကိုရအောင်ပြန်ကုချင်တဲ့ Strange ဟာ အနောက်တိုင်းဆေးတွေ
 ကုထုံးတွေနဲ့မရတဲ့အခါမှာ အရှေ့တိုင်းကိုခရီးထွက်ပြီး
 Ancient One ဆိုသူနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲဒါမှာ
Strange ဟာ ခန္ဒာကိုယ်ပြန်ကုစားနိုင်ဖို့ စိတ်စွမ်းအင်နဲ့
 တခြားမှော်အတတ်တွေကို သင်ကြားတတ်မြောက်လာရာက
ကမ္ဘာလောကကိုခြိမ်းခြောက်လာတဲ့ မကောင်းဆိုးဝါးတွေရန်ကကာကွယ်ပေးဖို့ဖြစ်လာပြီး
 သူ့အရင်ဘဝဖြစ်တဲ့ ပြီးပြည့်စုံအောင်မြင်လှတဲ့ ဆရာဝန် Doctor Strange အဖြစ်ပြန်နေမလား
 ကမ္ဘာလောကကို မှော်အန္တာရယ်များဆီက အကာအကွယ်ပေးရတဲ့
Sorcerer Supreme နေရာကို ယူရမလား ရွေးချယ်ဖို့ဖြစ်လာပါတယ်။
Doctor Strange ရုပ်ရှင်က MUC ကားတွေထဲမှာ အထူးခြားဆုံးနဲ့ ရည်မှန်းချက်ကြီးတဲ့ကားတစ်ကားပါ။
 Civil War အထိ Superhero ပေါင်းစုံထွက်ထားခဲ့ပေမဲ့အားလုံးနီးပါးက
 Science နဲ့ပတ်သက်တဲ့ hero တွေများတယ်လေ။
 ဥပမာ Iron Man, Vision, War Machine, Falcon, Ant-Man တို့ပေါ့။
ဆိုတော့ ဒီကားမှာက ပထမဆုံး မှော်အဓိကထား ဇာတ်ကောင်တွေချည်းဆိုတော့ အမြင်ဆန်းတယ် ဆိုရမှာပါ..။ 

ဒီဇာတ်ကားကို မြန်မာပြည်မှ ညီလေးအေးချမ်း မှ upload ပေးတာပါ။
ပုံမှန်အတိုင် pCloud ကနေပဲတင်ပေးလိုက်ပါတယ်။
 ကျေးဇူးတင်ပါတယ် 

 Credit:  ရုပ်ရှင်အညွန်းကို http://www.datshin.com/ ကူးယူသည်