MTK Device တွေကို Box မသုံးပဲ Deadboot ပြန်နိုးမယ်



MTK Device တော်တော်များများမှာ အဖြစ်များလေ့ရှိတဲ့

Display Error/ Deadboot Error/ Vibrate Error 

များကို Box မသုံးပဲ ပြန်နိုးနည်း

Deadboot ပြန်နိုးနိုင်ဖို့အတွက် အရင်ဆုံး သိထားရမှာက CPU id ကြည့်တက်ရမယ်





CPU id ကြည့်တက်ရင် ဘာတွေလုပ်တက်မှာလဲ
=================================
CPU id ကြည့်တက်သွားရင် MTK ဖုန်းတွေ Deadboot Error/ Display Error/ Vibrate ဖြစ်မှာ မပူရတော့ဘူး ဒီနည်းမသိသေးရင်တော့ ငါဒီFirmware နဲ့အဆင်ပြေပါ့မလား Deadboot သွားရင် Display Error ဖြစ်ရင် ဒုက္ခပဲ ဆိုပြီး တွေးပူနေစရာမလိုတော့ဘူး အရမ်းကိုအဆင်ပြေမှာပါ တစ်ခါတစ်လေကြရင် ကျွန်တော် တင်ပေးလိုက်တာကတော့ 100% Test ဆိုပြီး သူများစမ်းတော့အဆင်မပြေဘူး ဆိုပြီး ကျွန်တော်ကို ပြောတဲ့အခါတွေ ကြုံရတယ် အဲဒါ Cpu id မကိုက်လို့ပါ Software Service  သမားတိုင်းဒီနည်းလမ်းလေးတော့ အနည်းဆုံးသိထားရင်ပိုအဆင်ပြေပါတယ်ဗျ

 Cpu id ကြည့်နည်း
=============

Cpu id ကြည့်ဖို့အတွက် Miracle Box ဒါမှမဟုတ် Box Crack တစ်ခုခုနဲ့ကြည့်နိုင်ပါတယ်
Miracle Eagle Eye V2.27A ဆိုရင်ပိုကောင်းပါတယ် Mobile Service သမားတော်တော်များများဒီSoftware ရှိလောက်ပါတယ် လင့်ချမပေးတော့ဘူး ကိုယ့်ဘာသာကိုရှာပါ

- Firmware မတင်ခင်မှာ id အရင်စစ်ကြည့်ပါ
- Miracle Eagle Eye မှာ MTK Menu ထဲဝင်ပါ Readinfo ထဲဝင်ပါ
-  မိမိ Firmware တင်မည့် ဖုန်းကို power ပိတ်ကြိုးထိုးပါ
- CPU id ပေါ်လာပါလိမ့်မည်
- CPU id ကို notepad ဖြင့်သိမ်းထားပါ
- MTK Menu မှာ Write ကိုရွေးပါ မိမိတင်မည့် Firmware File ကိုခေါ်ပါ Cpu id ပေါ်လာပါလိမ့်မည်
- စောစောကသိပ်ထားတဲ့ notepad ထဲမှာသိမ်းထားတဲ့ Cpu id နဲ့ name တူရင် မည်သည့် Error မှာ မရှိနိုင်ပါဘူး စိတ်ချလက်ချတင်နိုင်ပါတယ်ဗျ
- Cpu id name မတူခဲ့လျင်တော့မတင်ပါနှင့် Deadboot error/ display error/ vibrate error/ နှင့် တစ်ခြား Error တွေဖြစ်နိုင်ပါတယ်ဗျ

Deadboot ဖြစ်ပြီး id name စစ်မရပဲ Error တွေတက်နေတယ် ဆိုရင်တော့ id name မတူတာရှာတင်ကြည့်ပါ id name ကွဲတာ သိပ်များများမရှိပါဘူး နှစ်ခု သုံးခုလောက်ပါပဲ

(အားလုံးအဆင်ပြေပါစေဗျာ)